Monday, 7 May 2012

လူငယ်တွေအတွက် ဗိုလ်ချုပ်စကား      
   တစ်ခါတုန်းက ငယ်ဆရာသမားတစ်ပါးဖြစ်တဲ့ အခု မဟာသုခါရာမဆရာတော် ဘဒ္ဒန္တဝေရောစန စာချရင်းက ပြောဖူးတာလေးပါ။ ဗိုလ်ချုပ်အောင်ဆန်းက လူငယ်တွေကို မှာထားခဲ့တယ်တဲ့။ လူငယ်တွေ အနေနဲ့  ကြောက်ဖို့လိုတာ နှစ်ခုပဲရှိတယ်။ မကောင်းတာကို လုပ်မိမှာရယ်၊ မဟုတ်တာကိုပြောမိမှာရယ်။ ဒီနှစ်ချက်ပဲ ကြောက်ကြပါ။ ကျန်တာတွေကို ဘာမှ ကြောက်စရာမလိုဘူးတဲ့။
  ဒီနေရာမှာ ဗိုလ်ချုပ်သမီး ဒေါ်စုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ မကောင်းတာကိုမလုပ်ဖို့ လိုအပ်သလို ကောင်းတာတွေကိုလဲပြုလုပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုပဲ မဟုတ်တာကို မပြောမိဖို့ လိုအပ်သလို ဟုတ်မှန်တာကိုလဲ ဖော်ထုတ်ပြောပြဖို့ လိုအပ်ပါတယ်။ 
      ချုပ်လိုက်ရင် မြန်မာပြည်သူတွေ မကောင်းတာကိုမလုပ်ဖို့ မဟုတ်မမှန်တာကိုမပြောမိဖို့ သတိတွေ သတ္တိတွေ ဇွဲတွေ သည်းခံနိုင်စွမ်းတွေ လိုအပ်သလို ကောင်းတဲ့ ဆောင်ရွက်သင့်တဲ့ အလုပ်တွေ ပြုလုပ်ဆောင်ရွက်ဖို့နှင့် ဟုတ်မှန်တာတွေကို ထုတ်ဖော်ပြောဆိုဖို့ကိုလဲ သတ္တိ ပညာ စေတနာ အနှစ်နာတွေနဲ့ ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း . . . . . . . .
            


No comments:

Post a Comment