ဘုရားရှင်သည် ရဟန်တော်များ ဆန္ဒရှိလို့ အားလုံးသဘောတူညီကြလျှင်
အပြစ်ပေါ့လျော့သောဝိနည်းသိက္ခာပုဒ်ငယ်လေးတွေကို ပြင်ဆင်နိုင်ရန် ခွင့်ပြုတော်မူခဲ့သည်။
ထို သို့ခွင့်ပြုတော်မူခဲ့သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းမှာ ၀ိနည်းသိက္ခာပုဒ်ငယ်လေးတွေ ကိုတောင်မှ
ပြင်ဆင်ခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ ထို့အတူပဲ အဲဒီသိက္ခာပုဒ်ငယ်တွေကို ပြင်ဆင်ဖို့ ကျွန်ုပ်တို့တောင်းဆိုပြောဆိုနေကြခြင်းမဟုတ်ပါ။
သို့သော်ငြားလည်း ဒီနေ့ခေတ် နိုင်ငံရေး စီးပွားရေး လူမှုရေးအခြေနေတွေဟာ
ဘုရားရှင် လက်ထက်တော်ကာလက အခြေနေတွေနဲ့ မတူတော့ဘူးဆိုတာကို လက်ခံရမှာဖြစ်ပါတယ်။ ထိုရဲ့အကျိုးဆက်အနေနဲ့
ဒီနေ့ခေတ်ရဟန်းတော်တွေရဲ့ ဘ၀ရပ်တည်ပုံတွေဟာလဲ ဘုရားရှင်လက်ထက်တော်ကာလက ရဟန်းတော်တွေရဲ့
ဘ၀ရပ်တည်ပုံနဲ့ မတူကွဲပြားလာပါတယ်။
ရှေးခေတ်ရဟန်းတော်တွေရဲ့ ယေဘုယျဘ၀ရည်းမှန်းချက်ပန်းတိုင်ဟာ
ဒီဘ၀မှာတင် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရေးဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ
သူတို့ကိုယ်တိုင်နဲ့ အများအတွက် အကျိုးစီးပွားဖြစ်ရာဖြစ်ကြောင်းတွေကို အစွမ်းရှိသရွေ့လုပ်ဆောင်ကြရင်းကနေ
နောက်နောင်ဘ၀တွေမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးပဲဖြစ်လာပါတယ်။ အဲဒီပြောင်းလဲမှုတွေရဲ့
အကျိုးဆက်အနေနဲ့ ရှေးခေတ်တုန်းက မသိသာမထင်ရှာခဲ့တဲ့အပြောင်းလဲကြီးတွေဟာ ဒီနေ့ခေတ်ရဟန်းတော်တွေရဲ့
ဘ၀ရပ်တည်ပုံတွေထဲမှာ ၀င်ရောက်နေရာယူလာနေတယ်ဆိုတာကို သိသိသာသာမြင်နေရမှာဖြစ်ပါတယ်။
ဘုရားကျောင်းကန်တွေ စာသင်တိုက်တွေမှာ ဆင်ဟာလီဘာသာ သက္ကတဘာသာနှင့်
အခြားသောဘာသာရပ်တွေကို သင်ကြားပို့ချနေကြခြင်း သင်ယူနေကြခြင်း၊ မျက်မှောက်ခေတ်စာမေးပွဲတွေရဲ့မေးဖြေပုံစနစ်၊
စာအုပ်စာဆောင်ဂျာနယ်မဂ္ဂဇင်းစတာတွေကို ရေးသားတည်းဖြတ်ထုတ်ဝေခြင်း၊ နာယကခေါင်းဆောင်နှင့်အခြားသောခေါင်းဆောင်နေရာတွေကို
ရွေးချယ်တင်မြောက်ခြင်း လက်ခံခြင်း၊ သာရေးနာရေးကအစလူမှုကိစ္စအမျိုးမျိုးတွေမှာ ပါဝင်ဆောင်ရွက်နေရခြင်း၊
အဲဒီလိုလူမှုကိစ္စမျိုးတွေမှာ ဦးစီးခေါင်းဆောင်တွေအဖြစ်ရွေးချယ်ခံနေရခြင်း စတာတွေကို
လေးလေးနက်နက်တွေးကြည့်ရင် ဒီနေ့ခေတ်ရဟန်းတော်တွေရဲ့
ဘ၀ရပ်တည်ပုံတွေဟာ ပြောင်းလဲလာမှုနဲ့အတူ ကြီမားကျယ်ပြန့်လာတယ်ဆိုတာကို ထင်ထင်ရှားရှား
အကဲဖြတ်ခန့်မှန်းလို့ရမှာပါ။ အဲဒါကြောင့် ၀ိနည်းသိက္ခာပုဒ်တွေဟာ ဘုရားရှင်ပညတ်တော်မူခဲ့တဲ့အတိုင်း
တစ်ခုမှယုတ်လျော့ခြင်းလဲမရှိ တိုးလာခြင်းလဲမရှိ
မူရင်းအတိုင်းမပြောင်းလဲသော်လည်း ရဟန်းတော်တွေရဲ့ဘ၀ရပ်တည်ပုံကတော့ ပြောင်းလဲလာနေပါပြီဆိုတာကို
လက်ခံရမှာဖြစ်ပါတယ်။ အဲဒီအပြောင်းဟာလဲ မလွဲဧကန် ဖြစ်လာမှာပါပဲ။
ဒီနေ့ခေတ်နိုင်ငံရေးဆိုတာဟာ ပြည်သူပြည်သားတွေ အေးအေးချမ်းချမ်းနဲ့ကြွယ်ဝချမ်းသာဖို့ကို
ဦးတည်တဲ့ လူသားတစ်ယောက်အနေနဲ့ တာဝန်ရှိရှိ ပြုလုပ်ဆောင်ရွက်မှုအားလုံးကို ဆိုလိုတယ်လို့
ကျွန်ုပ်တို့ယုံကြည်တယ်။ ဗုဒ္ဓဘာသာစည်ပင်ပြန့်ပွားမှုဟာ ရဟန်းတော်တွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာ
အငြင်းပွားစရာမရှိပါဘူး။ ဘာသာတရားတစ်ခု ကြီးပွားတိုးတတ်စည်ပင်ပြန့်ပွားခြင်းဟာ အဲဒီဘာသာကို
ယုံကြည်ကိုးကွယ်ကြတဲ့သူတွေရဲ့ ကြီးပွားတိုးတတ်စည်ပင်မှုပေါ်မှာ မူတည်တယ်ဆိုတာ သိသာထင်ရှားပါတယ်။
အခြေခံအားဖြင့်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့ ဆင်ဟာလလူမျိုးတွေ စည်ပင်ကြီးပွားတိုးတတ်တိုင်း
ဗုဒ္ဓဘာသာဟာလဲ စည်ပင်ပြန့်ပွား ခဲ့တယ်ဆိုတာ သမိုင်းက သက်သေခံနေပါတယ်။ ဒါကြောင့်မို့
ရဟန်းဘ၀ကို မထိခိုက်မပျက်စီးစေနိုင်ဘူးဆိုရင် နိုင်ငံရေးလို့တံဆိပ်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ
မိမိလူမျိုးအကျိုးစီပွားအတွက် ဆောင်ရွက်မှုမှန်သမျှကို ဆောင်ရွက်ပြီး ရဟန်တော်တွေဟာ
အဘယ်ကဲ့သို့သောပဂ္ဂိုလ်မျိုးတွေဖြစ်တယ်ဆိုတာကို သက်သေပြကြ ရန်မှတစ်ပါး အခြားအရှိတော့ပြီဆိုတာကို
ကျွန်ုပ်တို့ကြေညာအပ်ပါတယ်။
ရှေးခေတ်ဆင်ဟာလရဟန်းတော်တွေဟာ ရဟန်းကိစ္စတွေကို ဆောင်ရွက် နေရင်းက
သူတို့လူမျိုး၊ နိုင်ငံ၊ ဘာသာသာသနာ တိုးတတ်မြင့်မှားရေးဆောင်ရွက်မှုတွေမှာ ရှေ့တန်းက
ပါဝင်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာကို ကျွန်ုပ်တို့ မေ့လို့မရပါဘူး။ ပညာရေး၊ ကျေးလပ်ဒေသ ပြန်လည်တည်ဆောက်ရေး၊
ရာဇ၀တ်မှုပပျောက်ရေး၊ ပြန်လည် ထူထောင်ရေး၊ မှုးယစ်သေစာသုံးစွဲမှုရှောင်ကြဉ်ရေး၊ လူမှုအကျိုးပြုလုပ်ငန်းများနှင့်
အခြား သောလုပ်ဆောင်မှုတွေမှာ အားတတ်သရောပါဝင်ဆောင်ရွက်ကြရင်း ဒီနေ့ခေတ်မှာကိုပင် ရဟန်းတော်တွေဟာ
သူတို့ကိုယ်တိုင် သတိထားမိသော်လည်းကောင်း မထားမိသော် လည်းကောင်း နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မိနေကြတယ်။
အဲဒီလိုမျိုး ဆောင်ရွက်မှုတွေမှာ ရဟန်းတော်တွေ ပါဝင်ဆောင်ရွက်နေကြတာဟာ မှားတယ်လို့ ကျွန်ုပ်တို့
မယူဆပါဘူး။
တိုင်းပြည်အကျိုးကို ရှေ့ရှုတဲ့ကြိုးပန်းအားထုတ် ဆောင်ရွက်မှုတွေသာမက
တိုင်းသူပြည်သားလူအများကောင်းကျိုးကို တားဆီးနှောက်ယှက်အန္တရာယ်ပြုနေတဲ့ မည်သည့်ကိစ္စမျိုးကိုမဆို
ဆန့်ကျင်သွားဖို့ဆိုတာလည်း ရဟန်းတော်တွေမှာ တာဝန်ရှိတယ်လို့ ကျွန်ုပ်တို့ယူဆပါတယ်။
ဥပမာအနေနဲ့ မကြာခင်ကမှ ဆွေးနွေးတိုင်ပင်ခဲ့ကြသော ကျွန်ုပ်တို့လူမျိုးအတွက် အမှန်တကယ်လိုအပ်နေတဲ့
အခမဲ့ပညာသင်ကြားရေးစနစ်လိုမျိုးကို တားမြစ်ကန့်ကွက်မယ့် မည်သည့်အားထုတ်မှု မျိုးကိုမဆို
ရဲရဲဝင့်ဝင့်ဆန့်ကျင်ကြရုံမျှမက အခမဲ့ပညာရေးစနစ်ကို ထိတ်တန်းဦးစားပေး ကိစ္စတစ်ရပ်ဖြစ်အောင်ကြိုးပမ်းကြဖို့ဆိုတာလည်း
အဓိကတာဝန်တစ်ရပ်ဖြစ်ပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ရှေးခေတ်သီရိလင်္ကာနိုင်ငံမှာ နိုင်ငံလူမျိုးတိုးတတ်
စည်ပင်ကြီးပွားခြင်းနှင့် ဘာသာသာသနာတိုးတတ်စည်ပင်ကြီးပွားခြင်းကို အသုံးနှုံး တစ်ခုထဲအဖြစ်
အမျိုးဘာသာသာသနာဟု လူပုဂ္ဂိုလ်တွေကော ရဟန်းတော်တွေကပါ မှတ်ထင်သုံးနှုံးကြပါတယ်။ အမျိုးသားရေးမှ
ဘာသာရေးကို ခွဲထုတ်ခြင်းဟာ အနောက်မှကျူးကျော်ဝင်ရောက်လာကြသောဘာသာခြားတွေရဲ့ အယူအဆတစ်ခုသာ
ဖြစ်တယ်။ အဲဒီအယူအဆဟာ ဆင်ဟာလလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်ကို သူတို့စိတ်တိုင်းက
ချယ်လှယ်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးသော လက်နက်တစ်ခုဖြစ်ခဲ့တယ်။
တိုင်းပြည်နှင့် ပြည်သူလူထုအတွက်အကျိုးမဲ့ဖြစ်စေမဲ့ လူပုဂ္ဂိုလ်တွေနှင့်
ရဟန်းတော်တွေရဲ့ကြား သဘောထားကွဲလွဲအောင်ဖန်တီးဖို့ နိုင်ငံခြားသားကျူးကျော် သူတွေက
လိမ္မာပါးနပ်စွာ ဥာဏ်နီဥာဏ်နက်သုံးပြီး အကောင်အထည်ဖော်ခဲ့ မူဝါဒတွေခမှတ်ဖို့ တွေးကြံခဲ့ကြတယ်။
ကျွန်ုပ်တို့ သူတို့လျှောက်ခဲ့တဲ့လမ်းကို မလိုက်သင့်ပါဘူး။ ပြီးတော့ ရဟန်းတော်တွေကို
လူမှုအသိုင်းဝိုင်းထဲမှ ထုတ်ပါယ်ဖို့ မကြိုးစားသင့်ပါဘူး။ အဲဒီလိုဆောင်ရွက်ချက်တွေဟာ
တကယ့်ကို မနှစ်မြို့စရာ နည်းလမ်းမကျတဲ့အပြုအမှုတွေဖြစ်ယုံမျှမက တိုင်းပြည်နှင့်လူမျိုးဘာသာသာသနာ အကျိုးကို ဆန့်ကျင်ပြီး
ရန်သူအားပေးသဘော သက်ရောက်ပါတယ်။
ထို့ကြောင့် ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်တွေကို
ပြောချင်တာကတော့ နှိုင်းနှိုင်းချိန်ချိန်မစဉ်းစားဘဲ ရှေ့နောက်မျှော်မြင်ခြင်းကင်းစွာဖြင့်
အဆောတလျင်လုပ်ဆောင်ခြင်းတွေကြောင့် ဖြစ်ပေါ်လာမဲ့ ဘေးရန်တွေဆိုးကျိုးတွေကို ရှောင်ရှားကြဖို့နှင့်
တိုင်းပြည်နှင့်အမျိုးဘာသာသာသနာကို အကျိုးမဲ့ကြီး မဲ့စေမယ့် ကိစ္စတွေကို သတိထားကြဖို့
ကျွန်ုပ်တို့ တိုင်းသိပြည်သိကြေညာအပ်ပါတယ်။
ကေ.ပညာစာရ
ကျောင်းအုပ်ကြီး၊၀ိဇ္ဇာလင်္ကာရပရိဝေန၊
တိပိဋက-၀ါဂီသွာရာစရိယ ဥပါဓျာယ၊
ကိုလံဘိုခရိုင်နှင့် ချိလောခရိုင်တို့၏ မဟာနာယကထေရ
၁၉၆၄-ခု၊ ဖေဖေါ်ဝါရီလ (၂)ရက်၊ ၀ိဇ္ဇာလင်္ကာရပရိဝေန။
( ဤဆောင်းပါးသည် ဆရာတော်ဝါပိုလာရာဟုလာရေးသားသော
The Heritage of the Bhikkhu စာအုပ်မှ BHIKKHUS AND POLITICS စာအုပ်နောက်ဆက်တွဲ(၂)
ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ သောတုဇနတစ်ယောက်သာဖြစ်တဲ့အတွက် ဖြည့်စွက်ဖတ်ရှုပေးကြပါရန်
ပန်ကြားအပ်ပါသည်။
မည်သည့်အကြံပြုမှု
သင်ပြမှုကိုမဆို
လေးစားကြည်ဖြူစွာလက်ခံလျက်
. . . . . .
အရှင်နိပကာလင်္ကာရ
(ပဲခူး) (၉၊ ၅၊ ၂၀၁၂)

No comments:
Post a Comment