Thursday, 17 May 2012

သတ္တိကြောင်သူတို့သည် ဓမ္မတာအားဖြင့် 

အပေါ်စီးရသည့်အခါ ဆောင့်ကြွးကြွားနိုင်တတ်သည်။

 ဆောင့်ကြွားကြွားနိုင်သူတို့သည် 

အရေးမလှသည့်အခါ အမြီးကုပ်တတ်ကြသည်။


မောင်ထင်၏ ဗမာ့နိုင်ငံရေးသုခမိန်စာအုပ်မှ . . .

Saturday, 12 May 2012



‎" သဘောထားကွဲလွဲမှုဆိုတာ ဓမ္မတာအတိုင်း
လောကမှာရှိတာမျိုးပေါ့
သူ့ဘက် ကိုယ့်ဘက် ပြောစရာရှိတာတော့
ပြောရမှာပေါ့ ...
ဒါပေမယ့်ငယ်သူကကြီးသူနဲ့ ပြောကြတဲ့အခါ
သဘောထားကွဲလွဲမှုပင်
ဖြစ်စေကာမူ ' ဂါရဝေါစ'နဲ့ ပြောရတယ် .....
ကြီးသူကလည်းငယ်သူနဲ့ပြောကြတဲ့အခါ
သဘောထားကွဲလွဲချက်ပင်
ဖြစ်စေကာမူ ငါအကြီးပဲဆိုပြီး အထက်စီး
ကနေမပြောရဘူး ..' နိဝါတောစ ' နဲ့
ပြောရတယ် ..."

- ( ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး )

Wednesday, 9 May 2012

ဗိုလ်ချုပ်ပြောခဲ့ သမျှ 

ကျနော်တို့မြန်မာပြည်အရေးဟာမြန်မာပြည်သူပြည်သားတွေ၊ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။(သြဂုတ်လ ၁၉၄၅)
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။( ၂၀ . ၁၀ . ၁၉၄၆ )
ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင်တစ်ဦးကိုတစ်ဦးစိတ်ကောက်ပြီးထိုင်နေ၍မဖြစ်သကဲ့သို့ ဗမာ့သေရေးရှင်ရေးကြီးနှင့်ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်းမကျေနပ်မှုအသေးအဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်းတိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊ အခြားလူမျိုးများကိုလည်းငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။( ၁၈ . ၁၁ . ၁၉၄၅ )
နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ( ဧပြီ ၁၉၄၇ နတ်မောက် )
သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာတော်လှန်ရေးလို့ ယူဆနေကြတယ်။ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့နှစ်မျိုးရှိတယ်။( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
လူတွေကတင်မြှောက်ပြီးလူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင်ဒီမိုကရေစီ ဖြစ်နိုင်မယ်။( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
 စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …

တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊တိုင်းသူပြည်သားလူထုညီညွတ်ရေး၊
အဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ်ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။အဲ့ဒါ အင်မတန်အရေးကြီးတယ်။
ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့တလွဲဆံပင်ကောင်းနေကြတယ်။
ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရမယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာလုပ်ချင်တယ်။ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲတိုင်းသူပြည်သားတွေနဲ့ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကိုမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာကျနော်တို့ ရည်ရွယ်ရမယ်။( ၁၉၄၅ သြဂုတ်လ )
ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချတုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။
( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင်လူအား၊ငွေအားပစ္စည်းအားနဲ့စုပေါင်းပြီးအင်တိုက်အားတိုက်လုပ်နိုင်မှအကျိုးခံစားခွင့်ရှိကြမှာပဲ။ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )
ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာတော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )
ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊ရာဇ၀င်မှာအရေးခံမယ့်လူစားမျိုးတွေလား၊ရာဇ၀င်မှာအဆဲခံမယ့်လူစားမျိုးတွေလား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။
ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာခင်ဗျားတို့ နားလည်စေချင်တယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ်  ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီးလုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်တွေကိုပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။
( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း )

(ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်)
ပညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။ ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။
ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။
 ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။
တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။
လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။
သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။
လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။
(ဗိုလ်ချုပ်အောင်ဆန်း လူငယ်ကျောင်းသားဘဝက ကိုယ်တိုင်ရေးခဲ့သော အလွန်လေးနက်သော လောကအမြင်။ ပညာရေး အမြင် တစိတ်တဒေသ ဖြစ်သည်။)
လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)


(PoemsCorner-မှ ကူးယူတင်ဆက်ပါသည်)

Tuesday, 8 May 2012

တညီတညွတ်တည်း အတည်ပြုခဲ့သော ၀ိဇ္ဇာလင်္ကာရပရိဝေန၏ ထုတ်ပြန်ကြေညာချက် (၁၉၄၆-ခု၊ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့)

 

ဘုရားရှင်သည် ရဟန်တော်များ ဆန္ဒရှိလို့ အားလုံးသဘောတူညီကြလျှင် အပြစ်ပေါ့လျော့သောဝိနည်းသိက္ခာပုဒ်ငယ်လေးတွေကို ပြင်ဆင်နိုင်ရန် ခွင့်ပြုတော်မူခဲ့သည်။ ထို သို့ခွင့်ပြုတော်မူခဲ့သော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာသမိုင်းမှာ ၀ိနည်းသိက္ခာပုဒ်ငယ်လေးတွေ ကိုတောင်မှ ပြင်ဆင်ခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ ထို့အတူပဲ အဲဒီသိက္ခာပုဒ်ငယ်တွေကို ပြင်ဆင်ဖို့ ကျွန်ုပ်တို့တောင်းဆိုပြောဆိုနေကြခြင်းမဟုတ်ပါ။
သို့သော်ငြားလည်း ဒီနေ့ခေတ် နိုင်ငံရေး စီးပွားရေး လူမှုရေးအခြေနေတွေဟာ ဘုရားရှင် လက်ထက်တော်ကာလက အခြေနေတွေနဲ့ မတူတော့ဘူးဆိုတာကို လက်ခံရမှာဖြစ်ပါတယ်။ ထိုရဲ့အကျိုးဆက်အနေနဲ့ ဒီနေ့ခေတ်ရဟန်းတော်တွေရဲ့ ဘ၀ရပ်တည်ပုံတွေဟာလဲ ဘုရားရှင်လက်ထက်တော်ကာလက ရဟန်းတော်တွေရဲ့ ဘ၀ရပ်တည်ပုံနဲ့ မတူကွဲပြားလာပါတယ်။
ရှေးခေတ်ရဟန်းတော်တွေရဲ့ ယေဘုယျဘ၀ရည်းမှန်းချက်ပန်းတိုင်ဟာ ဒီဘ၀မှာတင် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရေးဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ သူတို့ကိုယ်တိုင်နဲ့ အများအတွက် အကျိုးစီးပွားဖြစ်ရာဖြစ်ကြောင်းတွေကို အစွမ်းရှိသရွေ့လုပ်ဆောင်ကြရင်းကနေ နောက်နောင်ဘ၀တွေမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးပဲဖြစ်လာပါတယ်။ အဲဒီပြောင်းလဲမှုတွေရဲ့ အကျိုးဆက်အနေနဲ့ ရှေးခေတ်တုန်းက မသိသာမထင်ရှာခဲ့တဲ့အပြောင်းလဲကြီးတွေဟာ ဒီနေ့ခေတ်ရဟန်းတော်တွေရဲ့ ဘ၀ရပ်တည်ပုံတွေထဲမှာ ၀င်ရောက်နေရာယူလာနေတယ်ဆိုတာကို သိသိသာသာမြင်နေရမှာဖြစ်ပါတယ်။
ဘုရားကျောင်းကန်တွေ စာသင်တိုက်တွေမှာ ဆင်ဟာလီဘာသာ သက္ကတဘာသာနှင့် အခြားသောဘာသာရပ်တွေကို သင်ကြားပို့ချနေကြခြင်း  သင်ယူနေကြခြင်း၊ မျက်မှောက်ခေတ်စာမေးပွဲတွေရဲ့မေးဖြေပုံစနစ်၊ စာအုပ်စာဆောင်ဂျာနယ်မဂ္ဂဇင်းစတာတွေကို ရေးသားတည်းဖြတ်ထုတ်ဝေခြင်း၊ နာယကခေါင်းဆောင်နှင့်အခြားသောခေါင်းဆောင်နေရာတွေကို ရွေးချယ်တင်မြောက်ခြင်း လက်ခံခြင်း၊ သာရေးနာရေးကအစလူမှုကိစ္စအမျိုးမျိုးတွေမှာ ပါဝင်ဆောင်ရွက်နေရခြင်း၊ အဲဒီလိုလူမှုကိစ္စမျိုးတွေမှာ ဦးစီးခေါင်းဆောင်တွေအဖြစ်ရွေးချယ်ခံနေရခြင်း စတာတွေကို လေးလေးနက်နက်တွေးကြည့်ရင်  ဒီနေ့ခေတ်ရဟန်းတော်တွေရဲ့ ဘ၀ရပ်တည်ပုံတွေဟာ ပြောင်းလဲလာမှုနဲ့အတူ ကြီမားကျယ်ပြန့်လာတယ်ဆိုတာကို ထင်ထင်ရှားရှား အကဲဖြတ်ခန့်မှန်းလို့ရမှာပါ။ အဲဒါကြောင့် ၀ိနည်းသိက္ခာပုဒ်တွေဟာ ဘုရားရှင်ပညတ်တော်မူခဲ့တဲ့အတိုင်း          တစ်ခုမှယုတ်လျော့ခြင်းလဲမရှိ တိုးလာခြင်းလဲမရှိ မူရင်းအတိုင်းမပြောင်းလဲသော်လည်း ရဟန်းတော်တွေရဲ့ဘ၀ရပ်တည်ပုံကတော့ ပြောင်းလဲလာနေပါပြီဆိုတာကို လက်ခံရမှာဖြစ်ပါတယ်။ အဲဒီအပြောင်းဟာလဲ မလွဲဧကန် ဖြစ်လာမှာပါပဲ။
ဒီနေ့ခေတ်နိုင်ငံရေးဆိုတာဟာ ပြည်သူပြည်သားတွေ အေးအေးချမ်းချမ်းနဲ့ကြွယ်ဝချမ်းသာဖို့ကို ဦးတည်တဲ့ လူသားတစ်ယောက်အနေနဲ့ တာဝန်ရှိရှိ ပြုလုပ်ဆောင်ရွက်မှုအားလုံးကို ဆိုလိုတယ်လို့ ကျွန်ုပ်တို့ယုံကြည်တယ်။ ဗုဒ္ဓဘာသာစည်ပင်ပြန့်ပွားမှုဟာ ရဟန်းတော်တွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ဘာသာတရားတစ်ခု ကြီးပွားတိုးတတ်စည်ပင်ပြန့်ပွားခြင်းဟာ အဲဒီဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့သူတွေရဲ့ ကြီးပွားတိုးတတ်စည်ပင်မှုပေါ်မှာ မူတည်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ အခြေခံအားဖြင့်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့ ဆင်ဟာလလူမျိုးတွေ စည်ပင်ကြီးပွားတိုးတတ်တိုင်း ဗုဒ္ဓဘာသာဟာလဲ စည်ပင်ပြန့်ပွား ခဲ့တယ်ဆိုတာ သမိုင်းက သက်သေခံနေပါတယ်။ ဒါကြောင့်မို့ ရဟန်းဘ၀ကို မထိခိုက်မပျက်စီးစေနိုင်ဘူးဆိုရင် နိုင်ငံရေးလို့တံဆိပ်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ မိမိလူမျိုးအကျိုးစီပွားအတွက် ဆောင်ရွက်မှုမှန်သမျှကို ဆောင်ရွက်ပြီး ရဟန်တော်တွေဟာ အဘယ်ကဲ့သို့သောပဂ္ဂိုလ်မျိုးတွေဖြစ်တယ်ဆိုတာကို သက်သေပြကြ ရန်မှတစ်ပါး အခြားအရှိတော့ပြီဆိုတာကို ကျွန်ုပ်တို့ကြေညာအပ်ပါတယ်။
ရှေးခေတ်ဆင်ဟာလရဟန်းတော်တွေဟာ ရဟန်းကိစ္စတွေကို ဆောင်ရွက် နေရင်းက သူတို့လူမျိုး၊ နိုင်ငံ၊ ဘာသာသာသနာ တိုးတတ်မြင့်မှားရေးဆောင်ရွက်မှုတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာကို ကျွန်ုပ်တို့ မေ့လို့မရပါဘူး။ ပညာရေး၊ ကျေးလပ်ဒေသ ပြန်လည်တည်ဆောက်ရေး၊ ရာဇ၀တ်မှုပပျောက်ရေး၊ ပြန်လည် ထူထောင်ရေး၊ မှုးယစ်သေစာသုံးစွဲမှုရှောင်ကြဉ်ရေး၊ လူမှုအကျိုးပြုလုပ်ငန်းများနှင့် အခြား သောလုပ်ဆောင်မှုတွေမှာ အားတတ်သရောပါဝင်ဆောင်ရွက်ကြရင်း ဒီနေ့ခေတ်မှာကိုပင် ရဟန်းတော်တွေဟာ သူတို့ကိုယ်တိုင် သတိထားမိသော်လည်းကောင်း မထားမိသော် လည်းကောင်း နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မိနေကြတယ်။ အဲဒီလိုမျိုး ဆောင်ရွက်မှုတွေမှာ ရဟန်းတော်တွေ ပါဝင်ဆောင်ရွက်နေကြတာဟာ မှားတယ်လို့ ကျွန်ုပ်တို့ မယူဆပါဘူး။
တိုင်းပြည်အကျိုးကို ရှေ့ရှုတဲ့ကြိုးပန်းအားထုတ် ဆောင်ရွက်မှုတွေသာမက တိုင်းသူပြည်သားလူအများကောင်းကျိုးကို တားဆီးနှောက်ယှက်အန္တရာယ်ပြုနေတဲ့ မည်သည့်ကိစ္စမျိုးကိုမဆို ဆန့်ကျင်သွားဖို့ဆိုတာလည်း ရဟန်းတော်တွေမှာ တာဝန်ရှိတယ်လို့ ကျွန်ုပ်တို့ယူဆပါတယ်။ ဥပမာအနေနဲ့ မကြာခင်ကမှ ဆွေးနွေးတိုင်ပင်ခဲ့ကြသော ကျွန်ုပ်တို့လူမျိုးအတွက် အမှန်တကယ်လိုအပ်နေတဲ့ အခမဲ့ပညာသင်ကြားရေးစနစ်လိုမျိုးကို တားမြစ်ကန့်ကွက်မယ့် မည်သည့်အားထုတ်မှု မျိုးကိုမဆို ရဲရဲဝင့်ဝင့်ဆန့်ကျင်ကြရုံမျှမက အခမဲ့ပညာရေးစနစ်ကို ထိတ်တန်းဦးစားပေး ကိစ္စတစ်ရပ်ဖြစ်အောင်ကြိုးပမ်းကြဖို့ဆိုတာလည်း အဓိကတာဝန်တစ်ရပ်ဖြစ်ပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ရှေးခေတ်သီရိလင်္ကာနိုင်ငံမှာ နိုင်ငံလူမျိုးတိုးတတ် စည်ပင်ကြီးပွားခြင်းနှင့် ဘာသာသာသနာတိုးတတ်စည်ပင်ကြီးပွားခြင်းကို အသုံးနှုံး တစ်ခုထဲအဖြစ် အမျိုးဘာသာသာသနာဟု လူပုဂ္ဂိုလ်တွေကော ရဟန်းတော်တွေကပါ မှတ်ထင်သုံးနှုံးကြပါတယ်။ အမျိုးသားရေးမှ ဘာသာရေးကို ခွဲထုတ်ခြင်းဟာ အနောက်မှကျူးကျော်ဝင်ရောက်လာကြသောဘာသာခြားတွေရဲ့ အယူအဆတစ်ခုသာ ဖြစ်တယ်။ အဲဒီအယူအဆဟာ ဆင်ဟာလလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ်ပြီး တိုင်းပြည်ကို သူတို့စိတ်တိုင်းက ချယ်လှယ်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးသော လက်နက်တစ်ခုဖြစ်ခဲ့တယ်။
တိုင်းပြည်နှင့် ပြည်သူလူထုအတွက်အကျိုးမဲ့ဖြစ်စေမဲ့ လူပုဂ္ဂိုလ်တွေနှင့် ရဟန်းတော်တွေရဲ့ကြား သဘောထားကွဲလွဲအောင်ဖန်တီးဖို့ နိုင်ငံခြားသားကျူးကျော် သူတွေက လိမ္မာပါးနပ်စွာ ဥာဏ်နီဥာဏ်နက်သုံးပြီး အကောင်အထည်ဖော်ခဲ့ မူဝါဒတွေခမှတ်ဖို့ တွေးကြံခဲ့ကြတယ်။ ကျွန်ုပ်တို့ သူတို့လျှောက်ခဲ့တဲ့လမ်းကို မလိုက်သင့်ပါဘူး။ ပြီးတော့ ရဟန်းတော်တွေကို လူမှုအသိုင်းဝိုင်းထဲမှ ထုတ်ပါယ်ဖို့ မကြိုးစားသင့်ပါဘူး။ အဲဒီလိုဆောင်ရွက်ချက်တွေဟာ တကယ့်ကို မနှစ်မြို့စရာ နည်းလမ်းမကျတဲ့အပြုအမှုတွေဖြစ်ယုံမျှမက  တိုင်းပြည်နှင့်လူမျိုးဘာသာသာသနာ အကျိုးကို ဆန့်ကျင်ပြီး ရန်သူအားပေးသဘော သက်ရောက်ပါတယ်။
ထို့ကြောင့် ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်တွေကို ပြောချင်တာကတော့ နှိုင်းနှိုင်းချိန်ချိန်မစဉ်းစားဘဲ ရှေ့နောက်မျှော်မြင်ခြင်းကင်းစွာဖြင့် အဆောတလျင်လုပ်ဆောင်ခြင်းတွေကြောင့် ဖြစ်ပေါ်လာမဲ့ ဘေးရန်တွေဆိုးကျိုးတွေကို ရှောင်ရှားကြဖို့နှင့် တိုင်းပြည်နှင့်အမျိုးဘာသာသာသနာကို အကျိုးမဲ့ကြီး မဲ့စေမယ့် ကိစ္စတွေကို သတိထားကြဖို့ ကျွန်ုပ်တို့ တိုင်းသိပြည်သိကြေညာအပ်ပါတယ်။

ကေ.ပညာစာရ
ကျောင်းအုပ်ကြီး၊၀ိဇ္ဇာလင်္ကာရပရိဝေန၊
တိပိဋက-၀ါဂီသွာရာစရိယ ဥပါဓျာယ၊
ကိုလံဘိုခရိုင်နှင့် ချိလောခရိုင်တို့၏ မဟာနာယကထေရ
၁၉၆၄-ခု၊ ဖေဖေါ်ဝါရီလ (၂)ရက်၊ ၀ိဇ္ဇာလင်္ကာရပရိဝေန။

( ဤဆောင်းပါးသည်  ဆရာတော်ဝါပိုလာရာဟုလာရေးသားသော The Heritage of the Bhikkhu စာအုပ်မှ BHIKKHUS AND POLITICS စာအုပ်နောက်ဆက်တွဲ(၂) ကို ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ သောတုဇနတစ်ယောက်သာဖြစ်တဲ့အတွက် ဖြည့်စွက်ဖတ်ရှုပေးကြပါရန် ပန်ကြားအပ်ပါသည်။

မည်သည့်အကြံပြုမှု သင်ပြမှုကိုမဆို
လေးစားကြည်ဖြူစွာလက်ခံလျက် . . . . . .        
အရှင်နိပကာလင်္ကာရ (ပဲခူး) (၉၊ ၅၊ ၂၀၁၂)

Monday, 7 May 2012

မြန်မာတွေ စည်းကမ်းဖေါက် (အချုပ်တန်းဆရာဖေ)



မြန်မာတွေစည်းကမ်းဖေါက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊
မှီးကွန်းထောက် အသစ်မှီတယ်၊
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖ ရှောင်သွေသည်၊
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာများကြွားချင်၊
ဓားပြသွင် လူဆိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊
ခုမြေလျှိုးပုန်းရှောင်၊
မိုက်ပနော် ပြုမဟေးတို့က၊
သူ့ပထွေးတော့ ခွေးသို့မဟောင်။
ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊
စာဇင်တောင် ဦးချလို့၊
ပလူးရ ပြေးကြို့ခါခါ၊
ခွေးသို့ပမာ၊
တွေးမိတိုင်း အရိုးနာသည်၊
အမျိုးပါ ဆဲချင်ပေါ့လေး။ ။
(အချုပ်တန်းဆရာဖေ)
တေးထပ်

ပဋိဉာဉ်ခံဘွဲ့ တေးထပ် (သခင်ကိုယ်တော်မှိုင်း)



မျိုးမြန်မာ ညှိုးရှာခဲ့မို့၊
ကိုးရာမဲ့ချိန်တွင်၊
ရိုးရာကွဲ့ မထိန်ချင်တယ်၊
ပဋိဉာဉ်ခံပွဲ၊
မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊
ဗိုလ်ဆန်ဆန်များကြသပဲ။
နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊
လွမ်းလိုက်ဘွယ် တပွဲ၊
မန်းဂိုက်နှယ် ဆင်နွှဲလို့၊
သွင်တနဲ တင့်အောင်၊
ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊
ထိုင်မသိမ်း ဝတ်လို့မြင်ယောင်။
မင်းတပါးမေအောင်မှာ၊
မှူးကေသျှောင်ကြို့ပါလို့၊
မြန်မာတို့ ကိုးကြစရာ၊
ဖြိုြးွကသမ္ဘာ၊
ဩဘာဆုခွန်းလှစ်ဖြာတယ်၊
သွန်းမေတ္တာလောင်းပါရဲ့လေး။ ။
(သခင်ကိုယ်တော်မှိုင်း)
(တေးထပ်)

မျက်ဖြေလင်္ကာ

                                      သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ
တစ်ယောက်သူမှာ
ပျက်လင့်ကာသာ ဓမ္မတာတည့်။
ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက် ခဏပွက်သည့်
ရေပွက်ပမာ တစ်သက်လျာတည့်။
ကြင်နာသနား
ငါ့အားမသတ် ယခုလွှတ်လည်း
မလွတ်ကြမ္မာ သတ္တ၀ါတို့ 
ခန္ဓာခိုင်ကျည်
မတည်မမြဲ ဖောက်လွဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည့်။
ရှိခိုးကော်ရော်
ပူဇော်အကျွန် ပန်ခဲ့တုံ၏
ခိုက်ကြုံဝိပါက် သံသာစက်၌
ကြိုက်လတ်တုံမူ တုံ့ မယူလို
ကြည်ညိုစိတ်သွန် သခင်မွန်ကို
ချန်ဘိစစ်စစ်
အပြစ်မဲ့ရေး ခွင့်လျှင်ပေးသည်
သွေးသည် နိစ္စာ ငါ့ဒိဌာတည်း။
(အနန္တသူရိယ အမတ်ကြီး)

ဗေဒါလမ်း (၁၇) – ဗေဒါပင်နှင့် ကျူပင် (ဇော်ဂျီ)



မဗေဒါ၊ ဆန်လာပေါ့အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ ရေမွန်းလိုက်ရင်း။
ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ သောင်ထွန်းလိုက်ရင်း။
မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ဖုန်းရပြန်ရင်း။
ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။
ကျူပင်ရိုးမှာတော့ ယိမ်းထိုးရတခါခါ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရဘယ်နဲ့ညာ၊ ရိုးတံညှာရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို ၊ သည်းခံလို့ယိမ်း။ ။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ – ၁၉၆၀)

သခင်အောင်ဆန်းတရား ( ဇော်ဂျီ)



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊
အဘယ်တရားဟောမည်နည်း။
ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။
သူ့အစွမ်းကား၊ အခြားမဟုတ်၊
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊
ဗန်းပြအလှ၊ ပကာသနကို၊
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊
ကြုံရာဘဝ၊ မုကလုံလောက်၊
ခံမြို့ဆောက်၏။
ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။
ဇော်ဂျီ

သင်သေသွားသော် (ဇော်ဂျီ )


ဪသာ်…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ
လူငယ်တွေအတွက် ဗိုလ်ချုပ်စကား      
   တစ်ခါတုန်းက ငယ်ဆရာသမားတစ်ပါးဖြစ်တဲ့ အခု မဟာသုခါရာမဆရာတော် ဘဒ္ဒန္တဝေရောစန စာချရင်းက ပြောဖူးတာလေးပါ။ ဗိုလ်ချုပ်အောင်ဆန်းက လူငယ်တွေကို မှာထားခဲ့တယ်တဲ့။ လူငယ်တွေ အနေနဲ့  ကြောက်ဖို့လိုတာ နှစ်ခုပဲရှိတယ်။ မကောင်းတာကို လုပ်မိမှာရယ်၊ မဟုတ်တာကိုပြောမိမှာရယ်။ ဒီနှစ်ချက်ပဲ ကြောက်ကြပါ။ ကျန်တာတွေကို ဘာမှ ကြောက်စရာမလိုဘူးတဲ့။
  ဒီနေရာမှာ ဗိုလ်ချုပ်သမီး ဒေါ်စုရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ မကောင်းတာကိုမလုပ်ဖို့ လိုအပ်သလို ကောင်းတာတွေကိုလဲပြုလုပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုပဲ မဟုတ်တာကို မပြောမိဖို့ လိုအပ်သလို ဟုတ်မှန်တာကိုလဲ ဖော်ထုတ်ပြောပြဖို့ လိုအပ်ပါတယ်။ 
      ချုပ်လိုက်ရင် မြန်မာပြည်သူတွေ မကောင်းတာကိုမလုပ်ဖို့ မဟုတ်မမှန်တာကိုမပြောမိဖို့ သတိတွေ သတ္တိတွေ ဇွဲတွေ သည်းခံနိုင်စွမ်းတွေ လိုအပ်သလို ကောင်းတဲ့ ဆောင်ရွက်သင့်တဲ့ အလုပ်တွေ ပြုလုပ်ဆောင်ရွက်ဖို့နှင့် ဟုတ်မှန်တာတွေကို ထုတ်ဖော်ပြောဆိုဖို့ကိုလဲ သတ္တိ ပညာ စေတနာ အနှစ်နာတွေနဲ့ ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း . . . . . . . .
            


တရားများ ကြားနာရခြင်းမှ ရလာသောအမြင်
 
        

         Two days ago, we, six monks from Myanmar, were invited to participate Buddha's day cerebrated in Hailand in which park and play ground for people are created by business man being constructed the building as Buddhist temple style from Asian countries. Though they held Buddha's day on 6 may of 2012, but It is already held on 5 may 2012 in Myanmar, representing the four important events of Buddha. Historical record said that on this day, The Buddha was surely assigned by Dipankarabuddha for becoming a Buddha ( Enlightened one ), the Buddha was born as a prince of ancient Indian tripe ( Sakya clan ), the Buddha attained enlightenment under the Boddhi tree in Bodhgayar after his six years austerity, and the Buddha have attained great demise ( Mahaparinibbana). 
           I planed to talk about What really Buddha thought for business man as a spiritual properties. But time was limited and I had not enough time to complete all of what I want to share to them. Situation demanded to speak a few words and stop in the middle of my speaking. According to Buddha, There are seven kind of spiritual properties, though he further recognized four kind of material wealth. Here I want to point only seven spiritual properties. They are Sadda (confidence), Sila (morality), Suta (knowledge), Caga (generosity or charity), Panna (wisdom), Hiri (fear of evil), and Ottappa (shame of evil). These seven are thought by Buddha to the world when Suppabuddha was considered as a poorest man and told about him by people.The Buddha pointed out that if one has the seven kind of spiritual or noble properties, it can not be called as a poor man.
        Among seven noble properties, I am now going to extent the first property, confidence, copying form Dr. Venerable Nandamalar's Dhamma talk. The first noble wealthy, confidence is said to be similar to seed (Sadda Vijam) by the Buddha. If seed is putted on the earth and pour some water on it, seed will give two functions of rooting under the ground, and at the same time growing on the ground producing plan, branches and leaves. Similarly confidence makes morality as a root of person, and at the same time, pays great support to mediation. That is, if one has confident he will easily keep or observe the precepts which are considered as a earth or foundation on which one can rely for his success or reputation or to gain whatever he wishes. In the same period, he can further easily take meditation. After rooting under the ground firmly and growing enough plan, seed produces flowers or fruit which is pretty scene and smell and sweet taste. Likewise, one who has confident, after keeping precepts firmly and taking meditation to some extent, he will surely gain Magga (path of liberation), Pala (fruit of result of liberation), and Nibbana ( absolute liberation).
              
               Further things will come soon.